မြဝတီမြို့၌ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲနှင့်ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်း ကျောင်းဆင်းပွဲကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲနှင့် ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်း၏ ကျောင်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အာဆီယံစကားဝိုင်းဆွေးနွေးပွဲနှင့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က အဖွင့်လမ်းညွှန်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက မူလတန်းကြို ပြီးမြောက်ကြောင်း လက်မှတ်များအား ကျောင်းသား၊ ကျောင်းသူများသို့ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားသို့ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင်ဦးစိန်သောင်း၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုး၊ မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသီဟနိုင်၊ မြို့မကိုယ့်အားကိုယ်ကိုးကျောင်းနာယက ဦးသန်းရွှေ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)