မြို့နယ်အတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

အင်္ဂပူ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော  စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ညောင်ကျိုးကျေးရွာ ရှိ ငဝန်ဧရာခန်းမတွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင်     မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်  ဦးဆောင်မှုဖြင့် မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက  နယ်မြေ အေးချမ်းသာယာရေး ဆောင်ရွက်ပေးနေမှု၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ လမ်း၊ တံတားနှင့်ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဒေသနေပြည်သူများမှ လူမှုစီးပွားဖွံဖြိုးရေး လုပ်ငန်းများ အတွက် တင်ပြရာ တင်ပြချက်များကိုသက်ဆိုင်ရာဌာနများ‌မှ ပေါင်းစပ်ညှိနှိုင်း‌ဆွေး‌နွေးခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးမှ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်မှုလျှော့နည်း ပပျောက်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)