ဝေါမြို့နယ် မိုးယွန်းကြီးအင်းအတွင်း ငါးမျိုးမပြုန်းတီးရေးနှင့် ငါးမျိုးဆက် သယံဇာတ ပြန့်ပွားရေးအတွက် ငါးမျိုးစိုက်ထည့်

ဝေါ စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် နေ့စဉ်နှင့်အမျှ ပြည်သူများ စားသုံးနေသည့် ငါးများ မပြုန်းတီးရေးနှင့် ငါးမျိုးဆက် သယံဇာတ ပြန့်ပွားရေးအတွက် မိုးယွန်းကြီးအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးမျိုးပြန့်ပွားစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍ မိုးယွန်းကြီး အင်းကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို မြို့နယ်ဦးစီးဌာနမှူး ဦးသန်းလင်းနှင့် ဝန်ထမ်းများ၊ မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဝေါမြို့နယ်ရှိ အင်းအတွင်းသို့ ငါးမြစ်ချင်း ငါးသန်သားပေါက်ကောင်ရေ(၃၅၀၀၀၀) ကောင်အား ငါးမျိုးစိုက် ထည့်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)