ညောင်တုန်းမြို့နယ်တွင် မူလတောင်သူများထံသို့ မြေယာလျော်ကြေးပေးအပ်ပွဲကျင်းပ

ညောင်တုန်း ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ပိုင်မြေအဖြစ်သိမ်းဆည်းခဲ့သည့် မြေများအတွက် မူလတောင်သူများထံသို့ မြေယာလျော်ကြေးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခန်းအနားတွင် မြေယာလျော်ကြေး ပေးအပ်နိုင်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးမှူး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင်က မြေယာလျော်ကြေး ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သိမ်းဆည်းခဲ့သည် မြေဧက (၉၉.၉၇) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် (၂၅) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၄၉၉၂၅၀၀၀/- (သိန်းနှစ်ထောင့်လေးရာကိုးဆယ့်ကိုးသိန်းနှစ်သောင်းငါးထောင်)ကို မူလတောင်သူ (၃၁) ဦးထံသို့ မြေယာလျော်ကြေးများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြေယာလျော်ကြေးပေးအပ်နိုင်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)