ငပုတော ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီ အချိန်က ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှုး ဖြိုးသူရကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ လုံခြုံရေးကိစ္စများ၊ ရပ်ရွာအတွင်း သန့်ရှင်းသာယာရေး ကိစ္စရပ်များ၊ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မူခင်းကျဆင်းရေးများ ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးမှ ကျေးရွာသန့်ရှင်း သာယာလှပရေး၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ အောင်ချက် မြင့်မာရေးနှင့် ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ဆောင်သီးနှံများကို လျာထားချက်များနှင့် အညီအပြည့်အဝ စိုက်ပျိုးနိုင်ရေးပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်မှ စိုက်ပျိုးရေး နည်းစနစ်သစ်များအား ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာလိုအပ်ချက်များ ပြန်လည်တင်ပြလာမှု များအပေါ် မြို့နယ်အဆင့်ဌာနဆိုင်ရာ မှတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)