ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

ဒေးဒရဲ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးနှင့် စာမေးပွဲဖြေဆိုနေချိန်အတွင်း လိုအပ်ချက်များ မဖြစ်ပေါ်စေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ယနေ့နံနက်() နာရီက အမှတ်() အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးလှစိုးက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဖျာပုံခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပြသပေးခဲ့သည့် ဆရာ၊ ဆရာမများအား ကျန်းမာရေးကို ဂရုစိုက်ပြီး ဘာသာရပ်အားလုံး အောင်မြင်စွာ ဖြေဆိုကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက်  ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ယခုတွေ့ဆုံပွဲသည် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအထက်တန်း ပြီးမြောက်အောင်မြင်ရေး ကြိုးစားအားထုတ်သွားကြရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသအာဏာပိုင်များအနေဖြင့် အောင်မြင်ချောမွေ့စွာ ကျင်းပပြီးစီးနိုင်ရေး ကျရာကဏ္ဍ အသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၄၅) ဦးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ချီးမြှင့်ထောက်ပံ့ငွေ (၅၄၅၀၀၀)ကျပ်အား မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)