ကျိုက်လတ် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခန့်က ကျုံမငဲ့ကျေးရွာအုပ်စု၊ မြတ်ကွမ်းတုံ စေတီတော် အာရုဏ်ခံတန်ဆောင်းကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးထွန်းဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ နိုင်ငံသားတိုင်း တာဝန်ရှိသည့် ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာကြရန်၊ ကိုယ်ဝန်ဆောင်မိခင်များ မိမိကလေးများအား အထူးကရုစိုက်ရန်၊ ကလေးငယ်များအား ကာကွယ်ဆေးများထိုးကြရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ မော်တော်ယာဉ်၊ ဆိုင်ကယ်များ စနစ်တကျ စီးနင်းကြရန်၊ မိမိနေအိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး ရပ်ရွာရှိ ခြုံနွယ်များရှင်းလင်းရေး ကိစ္စများ၊ မလိုလားအပ်သောကိစ္စရပ်များ ကျေးရွာအတွင်း မဖြစ်ပွားစေရေး ဧည့်စာရင်းများ စနစ်တကျ တိုင်းကြားရန်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမှုအခြေအနေ၊ အိမ်ထောင်စု စာရင်းပုံစံ(၆၆/၆) ပြုလုပ်ပေးမှုအခြေအနေ၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ပေးနေမှု အခြေအနေ၊ တယ်လီဖုန်း ဆင်းကဒ်များ တရားဝင်မှတ်ပုံတင်ပြီး စနစ်တကျသုံးစွဲကြရန်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်ပြီး ကျောင်းစာကို တစိုက်မတ်မတ် ကြိုးစားစေလိုကြောင်း၊ အတန်းတင် စာမေးပွဲများ ဖြေဆိုနေသည့်အတွက် လုံခြုံရေးထားရှိစေလိုကြောင်း၊ ကျေးရွာစာကြည့်တိုက်များတွင် ဗဟုသုတရမည့် စာအုပ်များထားရှိပြီး ဖတ်စေလိုကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်များကို တရားဝင်ထုတ်လွှင့်နေသည့် MRTV၊ MWD တို့ကို ကြည့်ရှုပါမှ အမှန်ကိုသိရှိမည် ဖြစ်ကြောင်း၊ တရားမဝင် ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုပြီး လမ်းမှားမရောက်စေလိုကြောင်း၊ အခွန်(၄)မျိုးပြေကြေစွာ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ပုံစံ(၇)ပြုလုပ်ပေးမှု အခြေအနေ၊ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအကြောင်း သိကောင်းစရာများ၊ မြစ်ကြောင်း တစ်လျှောက် ငါးသယံဇာတများ ပေါကြွယ်စေရေး၊ ငါးလုပ်ငန်းဥပဒေအကြောင်း သိကောင်းစရာများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် ဓာတုဗေဒမြေသြဇာများအစား သဘာဝမြေဩဇာများအစားထိုး အသုံးပြုစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများ စသည်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေး ခဲ့ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)