ရေနံချောင်း ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းအရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်နှင့် တာဝန်ရှိသူများက အိုးဘိုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဘိုးအဘွားများ လက်ဝယ်အရောက် တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများမှ အဘိုးအဘွားများအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား ၈၄၆ ဦးအား အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လမျာအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၅၃၈၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)