ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားတက်ရောက်

ဝါးခယ်မ   ဖေဖော်ဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိခန်းမ၌ ယနေ့နံနက် နာရီအချိန်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး နော်သဝါး၊ တိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဌာနမှူး ဒေါ်စန်း၊ တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဌာနမှူး နန့်စီးဖေါင်၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ပြီး စည်းလုံးညီညွှတ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က မြို့နယ်အတွင်း တိုင်းရင်းသားလူမျိုးစုအသီးသီး နေထိုင်မှုအခြေ အနေများအားရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး နော်သဝါးက အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် လူမှုရေးပင်စင်ဆိုင်ရာကိစ္စရပ်များအားရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဌာနမှူး ဒေါ်စန်းက တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေများအကြောင်းရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဌာနမှူး နန့်စီးဖေါင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား အသီးသီး ရှင်းလင်းပြောကြားပြီး အမှတ်တရလက်ဆောင် ပေးအပ်ခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်အရ တိုင်းရင်းသားစာပေသင်ကြားနိုင်သူစာရင်း စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)