မြို့သစ်မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာများ ထုတ်ပေး

မြို့သစ် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ပင်စင်စားများ၏ လက်ဝယ်အရောက် ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၁၂၀၀)ကျော်ရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ ရုံးဖွင့်ရက်တိုင်း နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း  လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစားပင်စင်လစာငွေများကို ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

သန်းဝင်းထွန်း(IPRD)