မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့ဝင် တံတားထိပ်တွင် ပူးပေါင်းစစ်ဆေး ဆောင်ရွက်

မအူပင်  စက်တင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ခရီးသွား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်း၊ ခရီးသွားနေရပ် စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်း၍စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

မအူပင်မြို့ ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်အား/ကာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က မြို့အတွင်း သွားလာနေသည့် ယာဉ်များ၊ ခရီးသွား လာနေသော ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေးခြင်း၊ ခရီးသွားနေရပ် စစ်ဆေးခြင်းတို့အား စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ ယနေ့အထိ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်း တို့အား နေ့စဉ် နံနက်ပိုင်းမှ ညပိုင်းအထိ ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)