မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်နေပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်းဖြင့် အပတ်စဉ်စနေနေ့တိုင်းဝယ်ယူ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေရေးနှင့်  Clean City, Green City, Smart City ဖြစ်လာစေရေးအတွက်  မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိသာလျှင် (၁၀၀)ကျပ်နှုန်းဖြင့်ဝယ်ယူခြင်းလုပ်ငန်းအား အပတ်စဉ် စနေနေ့တိုင်း ဝယ်ယူလျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်မှ နံနက် ၁၁ နာရီအချိန်အထိ အမှတ်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလ(၁)လမ်းထောင့်၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်တို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများနှင့် လူ့အသုံးဆောင်စွန့်ပစ်ပစ္စည်းများ အားတစ်ပိဿာလျှင် ကျပ်(၁၀၀) နှုန်းဖြင့် ဝယ်ယူလျက်ရှိကာအပတ်စဉ် စနေနေ့တိုင်းတွင် ဆက်လက်ဝယ်ယူသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးချေဝယ်ယူ မည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ ဆက်)