လှိုင်းဘွဲ ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးငယ်များ အလုပ်ခွင်မှဝင်ရောက်ခြင်းမရှိစေရန်နှင့် ရရှိရထိုက်သော အခွင့်အရေးများကို သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းရန်နောင်က ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ အသက်အရွယ်အလိုက် ကန့်သတ်ချက်များ၊ အသက်မပြည့်သေးသော ကလေးများအား အလုပ်ခိုင်စေခြင်းမပြုခြင်း၊ ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ခြင်း၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ခြင်း၊ ကလေးငယ်များ၏ အနာဂတ်ကောင်းမွန်စွာ ဖြတ်သန်းခြင်းသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ပူပေါင်းပါဝင်ခွင့်၊ ပညာသင်ကြားခွင့် စသည့် ရရှိရထိုက်သော အခွင့်အရေးများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ ဆက်)