ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ  ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ကသာ   ဖေဖော်ဝါရီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က အဆိုပါ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့်ပတ်သက်သည့် ထုတ်ပြန်ထားသည့် ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကလေးသူငယ်အခွင့်ရေး ဆိုင်ရာများအကြောင်း သိကောင်းစရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ၎င်းတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးနေသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ စာရေးဝန်ထမ်းတို့က သိရှိလို သည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(ကသာ)