မိုးသက်လေပြင်းကျပြီး ထူးကဲဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသည့် နေအိမ်များ အား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ဘုတ်ပြင်း စက်တင်ဘာ ၉ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ မိုးသက်လေပြင်းကျပြီး ထူးကဲဒီရေမြင့်တက်ရေလှိုင်း ရိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျ၊ လုံးဝပျက်စီးခဲ့သည့် အုန်းတောကမ်းကျေးရွာတွင် လူနေအိမ်(၆)လုံးအား မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ လုံးဝပျက်စီးခဲ့သည့် နေအိမ်များမှ မိသားစုဝင်များအား ယနေ့နံနက် (၁၀) နာရီက ဘုတ်ပြင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက လုံးဝပျက်စီးခဲ့သည့် နေအိမ်တစ်လျှင် ပစ္စည်း (၁၄) မျိုးပါ Family Kit (မိသားစုသုံးပစ္စည်းများပါသည့်) ပုံး (၁)လုံး ပစ္စည်း (၁၉) မျိုးပါ Hygiene Kit Contents List ပုံး (၁) လုံး၊ ရေသန့်ပုံး(၁)လုံး စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ ခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ အပူးပိုင်းမုန် တိုင်းနိုလ်(လ်) အရှိန်ကြောင့် ကျေးရွာအချို့တွင် နေအိမ်များ ပြိုကျပျက်စီး ဆုံးရှံးခဲ့ရသည့်  ကျေးရွာများမှ မိသားစု ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများကို ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင်ထံမှ သိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)