ဒိုက်ဦးမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းအခမ်းအနားကျင်းပ

ဒိုက်ဦး ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သရုပ်ပြခြင်းအခမ်းအနားတွင် မြိုနယ်မီးသတ်ဦးစီးမှူးဦးချမ်းမြေ့ထွန်းက ရုတ်တရက် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအသုံးပြုပုံ၊ Gas မီးဖိုအားမီးဖြတ်တောက်ပုံတို့အား ဈေးကော်မတီများ၊ ဈေးသူ/ ဈေးသားများနှင့်အတူ ကိုယ်တိုင်သရုပ်ပြ မီးငြှိမ်းသတ်၍လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့်မီးငြှိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြသခဲ့သည်။

အဆိုပါသရုပ်ပြသခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်ထွဋ်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်နှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လ.ဝ.က၊ မြို့မ‌ဈေးအကျိုးတော်ဆောင်အဖွဲ့၊ မြို့နယ်မီးသတ်သန္ဓေအရန်အင်အား ၁၅ ဦး၊ အရန်မီးသတ် ၁၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)