ကြံခင်း ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ပက်မခမ်းကျေးရွာအုပ်စု၊ ပက်မခမ်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းထွဋ် ဦးဆောင်မှုဖြင့် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပက်မခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာရေးကဏ္ဍ၊၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်မီးလင်းရေး၊ လမ်းတံတားနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်များ၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ပေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုလျှော့နည်း၊ ပပျောက်ရေးလုပ်ငန်းနှင့်ပတ်သက်သည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)