လက်ပံတန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား ကျောင်းသူ ၄၆၇ ဦးဝင်ရောက်ဖြေဆိုမည်

လက်ပံတန်း ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းဖြေ ကျောင်းသား ကျောင်းသူ ၃၉ ဦး၊ ပြင်ပဖြေ ကျောင်းသား ကျောင်းသူ ၄၂၈ ဦး စုစုပေါင်း ၄၆၇ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လက်ပံတန်းမြို့နယ်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဘာသာတွဲ(၁)၌ (၂၅၃)ဦး၊ ဘာသာတွဲ(၂)၌ (၁၃၂)ဦး၊ ဘာသာတွဲ(၇)၌ (၈၂)ဦးဖြစ်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ကျား(၁၇၁)ဦး၊ မ(၂၉၆)ဦး ပေါင်း(၄၆၇) ဦးရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကျင်းပရန်စာစစ်ဌာန (၃)ခုစီစဥ်ထားရှိကြောင်းနှင့် အဆိုပါစာစစ်ဌာနများမှာ အ.ထ.က (၁)၊ အ.ထ.က သာရဝေါနှင့် အ.ထ.က ဇီးဖြူကုန်းစာစစ်ဌာနတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် ပြန်/ ဆက်