နတ်မောက် ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ် ရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လိုက်လံစစ်ဆေးခဲ့ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်လျှပ်စစ်မန်နေဂျာတို့နှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းရှိအတွင်း/အပြင် အမှိုက်များ ရှင်းလင်းထားရှိမှု၊ ရေတွင်း၊ ရေစင်နှင့် မီးငြိှမ်းသတ်ရန် ဂါလံ(၁၀၀၀)ဆံ့ ရေအုတ်ကန်၊ မီးသတ်ဆေးဘူးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင် စာစစ်ဌာန (၁)ခုရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ (၆၁၅) ဦးနှင့် ကြီးကြပ်သူ ဆရာ/မ (၂)ဦးခန့်ထားရှိမည်ဖြစ်၍ နတ်မောက်မြို့နယ် စာစစ်ဌာနတွင် ကြီးကြပ်သူဝန်ထမ်းအင်အား ဆရာ/မ (၆၉)ဦး ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း