အောင်လံမြို့၌ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်ချိန်မှ အောင်လံမြို့ ကားကြီးကွင်းတည်ဆောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု

အောင်လံ ဖေဖော်ဝါရီ ၂၅

အောင်လံခရိုင်၊ အောင်လံမြို့၌ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်ချိန်နှင့် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ အောင်လံမြို့ ကားကြီးကွင်းတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကားကြီးကွင်းတည်ဆောက်မည့် အမှတ်(၉၆) သစ်စက်သို့ သွားရောက်၍ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် စက်ရုံရပ်ကွက်တွင် အောင်လံခရိုင် ဌာနဆိုင်ရာရုံးများ တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် မြို့ပတ်လမ်း(အပိုင်း-၃) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)