တနင်္သာရီ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမှတ်(၃၀၆)အမြောက်တပ်ရင်း-တပ်ရင်းစာကြည့်တိုက်လုပ်ငန်းများ ပုံမှန်လည်ပတ်ငှါးရမ်းနိုင်ရေးအတွက် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သီသိခိုင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀နာ ရီအချိန်မှစ၍ ၎င်းစာကြည့်တိုက်အတွင်း စာကြည့်တိုက် တာဝန်ခံများနှင့်ပူးပေါင်း၍ စာကြည့်တိုက် ပညာရပ်များကို လက်တွေ့ ပြုလုပ်ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၀၆) အမြောက်တပ်ရင်း-တပ်ရင်းစာကြည့်တိုက် ရှိစာအုပ်များကို တိုက်ပိုင်စာရင်းရေးသွင်း နည်း၊ မျိုးတူစုရာစုခွဲနည်၊ စနစ်တကျ စိတ်ဝင်စားဖွယ် စင်တင်ထားရှိရေး၊ စာကြည့် တိုက်အသင်းဝင်မှတ်ပုံတင်စာရင်း၊ စာငှါး မှတ်ပုံတင်စာရင်းနှင့် စာငှါးနည်းစနစ်များကို လက်တွေ့ပြသ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)