ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး

ဟင်္သာတ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်ပညာရေးမှုးနှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်အုပ်ကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တာဝန်ခံများ၊ စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးနှင့် ရာနှုန်းပြည့် အောင်မြင်စေရေး ကြိုးစားဖြေဆိုကြရန် ယခုနှစ်ရရှိသောအခွင့်အရေးသည် မိမိတို့အတွက် အလွန်အရေးကြီးကြောင်း၊ ဘာသာရပ်အားလုံးကို ပိုင်နိုင်စွာဖြေဆိုနိုင်ကြရန် အထူးကြိုးစား စေလိုကြောင်း၊ စာကိုသာမက မိမိတို့ကျန်းမာရေးကိုလည်း ဂရုစိုက်ကြစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီးနောက် နေ့စဥ်ထုတ်သတင်းစာများတွင် ဖေါ်ပြပါရှိသော သင်ခန်းစာများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမျာကိုယ်စား အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးထံသို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ငွေ ကျောင်းသား/သူတစ်ဦးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဖြေဆိုမည့် ကျောင်းသား (၁၄၃၄)ဦးစာအတွက် စုစုပေါင်းငွေ (၁၄၃၄၀၀၀)ကျပ်အား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းယုထံသို့လည်းကောင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ၍ အားပေးစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)