မီးလောင်ကျွမ်းမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်

ပုသိမ် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အများ ပြည်သူတို့ သိရှိနိုင်ကြစေရန် လက်ကမ်းစာစောင်များ ရိုက်နှိပ်ဝေငှခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်()ခုတွင် ၂၀၂၂ ခုနှစ်အတွင်း ပေါ့ဆမီး(၂၇)ကြိမ်၊ မီးကြွင်း မီးကျန်မှ လောင်ကျွမ်းမှု(၄၁)ကြိမ်၊ လျှပ်စစ် ဝါယာလျှော့(၂၉)ကြိမ်နှင့် ရှို့မီး(၂၁)ကြိမ်၊ စုစုပေါင်း (၁၁၉)ကြိမ် ဖြစ်ပွားခဲ့ရာ ယခုနှစ်တွင် အလားတူဖြစ်စဉ်များ မရှိ‌စေရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများပါမကျန် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များတွင် မီးချိတ်၊ မီးကတ်နှင့် သဲပုံးရေပုံးများ အရန်သင့်ထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျရှိစေရေး၊ နေအိမ်များတွင် မီးသုံးစွဲမှု စနစ်တကျရှိစေရေး၊ ဆီသိုလှောင်ရောင်းချသူများကို စနစ်တကျရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်