၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၄

၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အဖွင့် အမှာစကား ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မကွေးမြသလွန်ဘုရားတွင် ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ နှင့်ဆပ်ကော်မတီများအား ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊  လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကော်မတီအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများက အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ ကြပြီး တက်ရောက်လာကြသူများက အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့၌ မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယ ရံသီတန်ဆောင်းတော်ကြီးတွင် ကျင်းပသွားမည်ဖြစ်ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များရရှိသည့် ဆရာတော်သံဃာတော် (၁၆) ပါးအား ဘွဲ့တံဆပ်တော်များ ဆက်ကပ်လှူဒါန်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်များရှိ အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)