ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ မင်္ဂလာဇေယျုံ ဘုန်းကြီးကျောင်းတွင် စစ်ကြောင်းကြီး()ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့သည်။

တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာ ပြုလုပ်နိုင်ရေး၊ ကျန်းမာရေးဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊  နိုင်ငံတကာပညာရေး စနစ်အတိုင်း   ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများ၊ ကျေးရွာရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်စသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာ ဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအေးကိုတင့်၊ အဖွဲ့ဝင်() ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်()ဦးစိန်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းဦးရေ (၈၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ကျန်းမာရေးဌာနမှ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)