ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဆင်ပေါင်ဝဲမြို့နယ် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးထွန်းထွန်းစိုးက နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ စစ်မှုထမ်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာနယ် မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးထွန်းထွန်းစိုးက တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန သွေးလှူဘဏ် ပဒေသာပင်စိုက်ထူးရန်အတွက် ဗိုလ်မှူးကြီးထွန်းထွန်းစိုးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီအား အလှူငွေ (၃)သိန်းကျပ်အားပေးအပ်ခဲ့ပြီး နွေရာသီသင်တန်းတက်ရောက်သော ကျောင်းသား/ ကျောင်းသူများအတွက် အထွေထွေသုံးစွဲရန် အလှူငွေ (၂)သိန်းကျပ်အား ဗိုလ်မှူးကြီးစိုးသူရမှ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)