ဓနုဖြူ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စတင်၍ ဓနုဖြူမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။
ဓနုဖြူမြို့နယ် အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့်အခမဲ့ စမ်းသပ်ကုသပေးခြင်းဖြစ်ကာ ယခုအကြိမ်သည်ဒုတိယအကြိမ်မြောက် ကုသပေးခြင်းဖြစ်ပြီး မျက်စိဝေဒနာများ ကုသပေးရာတွင် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် စမ်းသပ်ကုသပေး၍ မျက်စိဝေဒနာရှင်(၂၀၀)ဦးကျော် အခွဲစိတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်နေ့အထိ အခမဲ့စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)