ပုလော ဖေဖော်ဝါရီလ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူး သင်တန်း ကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းယုမေက လူငယ်များအနေဖြင့် မိမိကို ပေးအပ်လာသော တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများနှင့် သတိပြုရမည့်အချက်များကို သင်ကြားပို့ချသည်။
ထို့နောက် မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေမီလှိုင်နှင့် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်သက်မှူးအိမ်တို့က အခမ်းအနားမှူးအဖြစ် အသံသြဇာနှင့် ပြည့်စုံနိုင်ရန် လေ့ကျင့်ရန်၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲနှင့် သင်တန်းအခမ်းအနားများတွင် အခမ်းအနားမှူး အနေဖြင့် အစီအစဉ် အစအဆုံး တည်ငြိမ်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း သင်ကြားပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ လူငယ်(၃၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး၊ စာတွေ့လက်တွေ့ လေ့လာသင်ယူ ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)