သံတောင်ကြီး ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ပင်စင်လစာငွေများကို (၂၁)ရက်နေ့မှစတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လည်းဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အခက်ခဲမရှိစေရန် အုပ်စုများဖွဲ့ကာ သတ်မှတ်ရက်များတွင်းအလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးအားကိုယ်စားလှယ်လွှဲစာဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လာ ရောက်ထုတ်ယူရန်တွင် အခက်ခဲမရှိစေရန်၊ အဆေပြေချောမွေ့စေရန်နှင့်လူစုလူဝေးမဖြစ်စေရန် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ပင်စင်ထုတ်ယူရာတွင် လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ