လှိုင်းဘွဲ ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှဦးဆောင်ကာ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ပိုင်ထူး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် လျှပ်စစ်သုံးစွဲမှုအခြေအနေ၊ မီးသတိပေးဆိုင်းဘုတ်များ၊ ပတ်ဝန်းကျင်အခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးသတ်ယာဉ်များဝင်ထွက်နိုင်မှု၊ မီးသတ်ဆေးဘူးထားရှိမှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုပေးခဲ့ကြောင်း သိရှိရသည်။
စောဒိ