တောင်တွင်းကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆတ်သွားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖေဖော်ဝါရီ (၂၀) ရက်နေ့မှ စတင်ကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈)ရက်နေ့မှ (၁၈) ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး တောင်တွင်းကြီးမြို့နယ်တွင် စာစစ်ဌာန (၂)ခုရှိကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းတွင်း ဖြေဆိုမည့်သူ (၉၆) ဦး၊ ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၁၇၃)ဦး၊ စုစုပေါင်း(၁၂၆၉)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)