တောင်ငူ ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်၍ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် စာစစ်ဌာန(၄)ခုရှိပြီး အဆိုပါစာစစ်ဌာနလေးခုမှာ အထက-၂၊ အထက-၄၊ အထက(နတ်စင်ကုန်း)နှင့် အထက (လေးမိုင်)တို့ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဘာသာတွဲများအလိုက် ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ကျောင်းတွင်း(၁၅၄)ဦး၊ကျောင်းပြင်(၉၇၀)ဦး၊ စုစုပေါင်း (၁၁၂၄)ဦးရှိပြီး ၈-၂-၂၀၂၃ ရက်နေ့မှ ၁၈-၂-၂၀၂၃ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်းနှင့်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား စာစစ်ဌာနများအလိုက် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စာမေးပွဲဖြေဆိုချိန်မတိုင်မီအထိ ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများထုတ်ယူရာ၌ ကျောင်းသားကျောင်းသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းများ ယူဆောင်လာကြရမည်ဖြစ်ကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို(ပြန်/ဆက်)