ဂန့်ဂေါ ဖေဖေါ်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက်ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) စသည့် ကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်းနှင့် ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ကာကွယ်ဆေးမထိုးနှံရသေးသည့် မြို့ပေါ်(၄)ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ မွှေ့လယ်၊ နှမ်းခါး၊ ရွှေဘိုနှင့် မြင်သား၊ မင်းရွာ၊ စံပယ်ကျေးရွာများမှလည်းကောင်း၊ ကျောမြို့မှ ကောင်းတင်၊ ဝါးဘင်နှင့် စကားရွာများမှလည်းကောင်း၊ ထီးလင်းမြို့နယ်မှ ဇီးတောနှင့် ရှဲကျေးရွာများမှလည်းကောင်း ကာကွယ်ဆေးများကို လာရောက်၍ ထိုးနှံလျက်ရှိကြောင်း သိရှိရသည်။
မောင်မျိုးမင်း