သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူ

သာယာဝတီ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့ နံနက်ပိုင်းက  အ.ထ.က (၁) သာယာဝတီကျောင်း၌ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရပ်ကွက်နှင့်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူ (၄၁၂) ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်သည့်အတွက် ဝင်ခွင့်ကတ်ပြားများကို စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ကျောင်းတွင်းဖြေဆိုသူ(၆၂)ဦး၊ ပြင်ပဖြေဆိုသူ(၃၅၀)ဦး၊ စုစုပေါင်း ဖြေဆိုသူ (၄၁၂)ဦးအတွက် ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)