နတ်တလင်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၃၈၆)ဦး ဝင်ရောက်ဖြေဆိုမည်

နတ်တလင်း ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၃၈၆)ဦး ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ကြောင်း နတ်တလင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ (၃၅)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ (၃၅၁)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၈၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် (၂၇၂)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် (၄၅)ဦးနှင့် အတွဲ(၇)ဘာသာရပ်တွင် (၆၉)ဦးရှိရာ နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် စာစစ်ဌာန (၂)ခုစီစဉ်ထားရှိပြီး ၎င်းစာစစ်ဌာနများမှာ အ.ထ.က(နတ်တလင်း)၊ အ.ထ.က(တာပွန်)၊ စာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)