ရွှေတောင်မြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရွှေတောင် ဖေဖော်ဝါရီ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-​၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား တတိယအကြိမ်နှင့်  စတုတ္ထအကြိမ် ထိုးနှံသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Myancopharm ကိုလည်းကောင်း၊ ပဉ္မမအကြိမ် ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ကိုလည်းကောင်း ထိုးနှံရမည့်အကြိမ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ခြောက်လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)