မြို့သစ်​မြို့ နယ် တွင်၂၀၂၃ ခုနှစ် နွေစပါး ပျိုးထောင်ရေများစတင်ပေးဝေ

မြို့သစ် ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင်၂၀၂၃ ခုနှစ်နွေရာသီတွင် နွေစပါးစိုက်ပျိုးရန်လျာထားဧက (၇၈၀၀) ဧကကို လျာထားဆောင်ရွက်လျက်ရှိရာ ရတနာတိုးစပါးမျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြာသီးနှံ နွေနှမ်းအတွက်လည်း စိုက်ပျိုးရေကိုလုံ လောက်စွာပေးဝေသွားမည်ဖြစ်သည်။

စိုက်ပျိုးရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ၏ စပါးစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစွာရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ် နွေသီးနှံ အချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် နတ်မောက်ဆည်၊ ပုလင်းဆည်၊ ဆဒ္ဒန်ဆည်၊ စွန်ဆည်များက နွေသီးနှံစိုက်ပျိုးရေ စတင်ပေးလွှတ်လျက်ရှိကြောင်း၊ နွေသီးနှံစိုက် ပျိုးမှုအောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရန် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ နွေစပါးပျိုးထောင်ရေနှင့် နွေသီးနှံအတွက် စိုက်ပျိုးရေများ စတင်ပေးလျက်ရှိကြောင်း မြို့သစ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

သန်းဝင်းထွန်း( IPRD)