ဘိုကလေး ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်၍ လူဦးရေစာရင်းဆိုင်ရာ အချက်အလက် များ ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံးတွင် မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ရုံးမှ တာဝန်ရှိ သူများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်းကာ ဇန်နဝါရီလကုန်အထိ စာရင်းဇယားများ အောင်မြင်စွာ ကောက်ယူဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ ကောက်ယူထားရှိသည့် စာရင်းဇယား၊ အချက်အလက်များအား ဖေဖော်ဝါရီ (၁)ရက် နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ရုံး၌ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်ကြရာ သတ်မှတ်ရက် အတွင်း အောင်မြင်စွာ အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူး ဦးဇော်နိုင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များမှ စာရင်းပြင်ဆင်ဖြည့်စွက် ဆောင်ရွက်နေသူများအား အားပေး ကြည့်ရှုကာ လိုအပ်သည်များအား လမ်းညွှန်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အိမ်ထောင်စုစာရင်းဆိုင်ရာ အချက်အလက်များ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ခြင်းလုပ်ငန်းအား ဖေဖော်ဝါရီလကုန်အထိ သတ်မှတ် ဆောင်ရွက်ထားရှိသည်ဖြစ်ပြီး ဘိုကလေးမြို့နယ်အနေဖြင့် ယခုအချိန်တွင် ပြည်ဆင်ဖြည့်စွက်ဆောင်ရွက်ခြင်း လုပ်ငန်း(၈၃)ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)