ဟင်္သာတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5) နှင့် (Grade- 9) နှစ်ဆုံးစာမေးပွဲများဖြေဆို

ဟင်္သာတ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲများကို သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် နာရီက ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာ ဖြင့် သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း (၃၅၂) ကျောင်းရှိရာ Grade-5 (သင်ရိုးသစ်) စာမေးပွဲနှင့် Grade- 9 (သင်ရိုးဟောင်း) စာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် နာရီမှစတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ သင်္ချာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၄၈၈ ဦးတို့မှ အေးချမ်းစွာဖြင့် ဆက်လက် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)