ဓနုဖြူမြို့နယ်တွင် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်() အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ဟောပြောခဲ့ပြီး၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက ပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာပါ အကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့သည်။ 

 ထို့နောက် ဆရာ၊ ဆရာမများမှတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ မိဘများအားပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူမိဘများ စုစုပေါင်း(၁၉၀) ဦးခန့်တက်ရောက် ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)