ဘားအံတက္ကသိုလ်၌ သီချင်းဆိုပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံတက္ကသိုလ်တွင် ဆရာ/ဆရာမ၊ ဝန်ထမ်းများ အဆင့်အတန်းမရွေး ချင်ခင်ရင်းနှီးစွာ မိသားစုစိတ် ဓာတ်ဖြင့် တစ်စိတ်တစ်ဝိုင်းတည်း ပေါင်းသင်းဆက်ဆံနိုင်ရေးနှင့် အပန်းဖြေစေနိုင်ရေးတို့ကို ရည်ရွယ်၍သီချင်းဆိုပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲကို ယမန်နေ့ညနေပိုင်းက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ/ဆရာမ ဝန်ထမ်းများ ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြား၍  သီချင်းဆိုပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး မိတ်ဆုံစားပွဲအား ဆက်လက်ကျင်းပခဲ့ရာ သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် ကံစမ်းမဲဖောက် ခြင်း၊ တေးသီချင်း သီဆိုခြင်းများကို တစ်ပျော်တစ်ပါး ဆင်နွှဲခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)