ဖျာပုံမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း ဆွေးနွေး

ဖျာပုံ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ ဆွေးနွေးပွဲ ကျင်းပရာတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးတင်အောင်နှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်သွယ်လွင်အေးတို့က ကလေးသူငယ်၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ၊ ကလေးသူငယ်များ ပြစ်မှုမကျူးလွန်စေရေးအတွက် ကြိုတင် ကာကွယ်ရမည့် အစီအမံများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမဖြစ်ပေါ်စေရေးနှင့် ပတ်သက်သည့် အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်လာကြသော ကော်မတီဝင်များက ဆွေးနွေးချက်များအပေါ် အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)