မင်းဘူး ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်း ခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်း သူများအတွက် ဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရ သသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြေဆိုကြရမှာဖြစ်ပြီး မင်းဘူး(စကု)မြို့နယ်တွင် စာစစ်ဌာန (၃) ခုရှိကာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းတွင်း ဖြေဆိုမည့်သူ (၈) ဦး၊ ပြင်ပ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၇၈၉) ဦးရှိ၍ စုစုပေါင်း (၇၉၇) ဦး ဝင်ရောက်ဖြေဆို သွားမှာဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထက် (မင်းဘူး)