မင်းလှ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများထုတ်ပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန် က အ.ထ.က မင်းလှ(မြို့ပြင်)နှင့် အ.ထ.က စစ်ကွင်းကျောင်း၍ စတင်ဆောင်ရွက်ပေးရာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါကတ်ပြားများထုတ်ပေးရာတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အားလုံးကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကတဆင့် အတန်းပိုင်ဆရာမများ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ အတွင်းဖြေ ၉၈ ဦး၊ အပြင်ဖြေ ၂၉၀ ဦး စုစုပေါင်း ၃၈၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး၊ အ.ထ.က မင်းလှ (မြို့ပြင်) စာစစ်ဌာနနှင့် အ.ထ.က (စစ်ကွင်း) စာစစ်ဌာန နှစ်ခုထားရှိ၍ မတ်လ ၈ ရက်မှ ၁၈ ရက်နေ့ထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)