ဖျာပုံမြို့နယ်တွင်ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များစာရင်းကောက်ယူ

ဖျာပုံ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ အားလုံးကို Unique ldentity Number (UlD) နံပါတ်များထုတ်ပေးရေးအတွက် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များစာရင်းကောက်ယူခြင်းအား၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအားဇီဝဆိုင်ရာအချက်အလက် (BiometricData) များစာရင်းကောက်ယူခြင်းကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့နံနက်(၁၀) နာရီအချိန်ကဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါမြန်မာနိုင်ငံအတွင်း၊နေထိုင်သူများအားလုံးကို Unique ldentity Number (UlD) နံပါတ်များ ထုတ်ပေးရေးအတွက် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များစာရင်းကောက်ယူရာသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေး၊မြို့နယ်ဦးစီးမှူး ဦး​ဇော်လွင်နှင့်ဝန်ထမ်းများက ဖျာပုံခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များ စတင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်

ဖျာပုံခရိုင်  (ပြန်/ဆက်)