ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍  အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဟန်နီထွန်းက အမျိုးသမီး များအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှု အမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာအကြမ်းဖက်ခြင်း သိကောင်းစရာများ၊ အကြမ်းဖက်မှုဖြစ်ရခြင်း၏ အကျိုးဆက်များ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများအား ဆောင်ရွက်ပေးမှုနှင့် အခြားဝန်ဆောင်မှုပေးသည့်အခြေအနေများကို အသိပညာပေးဆွေးနွေး ပြောကြားသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်နှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။

မယု(ငဖဲ)