မုံရွာမြို့ ပညာရေးဒီဂရီ ကောလိပ်တွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

မုံရွာ ဖေဖော်ဝါရီ  ၂၃

ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် အားတက်သရော ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မုံရွာမြို့ ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ၍  လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ  ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မုံရွာမြို့ ပညာရေးဒီဂရီကောလိပ် ပဉ္စဗလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မုံရွာမြို့ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ မင်းမင်းသိမ့်က အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးနှင့်အတူ  မုံရွာမြို့ ပညာရေးဒီဂရီကောလိပ်မှ  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅)ဦးတို့က  “လူငယ်နှင့် ပညာရေး”၊  “လူငယ်နှင့်စာရိတ္တ” “လူငယ်နှင့် လူမှုမီဒီယာ”၊ “လူငယ်နှင့်အားကစား”၊  “လူငယ်နှင့် မူးယစ်ဆေးဝါး”  စသည့် ခေါင်းစဉ်များဖြင့် ဦး‌ဆောင်ဆွေးနွေးခဲ့ကြပြီး တက်‌ရောက် လာကြသူများ၏ သိရှိလို သည့် မေးမြန်းမှုများကို မုံရွာမြို့ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းသိမ့်နှင့် တာဝန်ရှိသူများက အပြန်အလှန်‌ဆွေးနွေးဖြေကြား ခဲ့သည်။

ထို့နောက် မုံရွာမြို့ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းသိမ့်၊ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် အတူ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ  လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့   မုံရွာမြို့ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ မင်းမင်းသိမ့်နှင့် ဆရာ၊ ဆရာမများ၊ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊  မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး နှင့် ဝန်ထမ်းများ၊ မုံရွာမြို့ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၀၀)ဦးကျော် တက်ရောက်ခဲ့ ကြကြောင်း သိရပြီး ဆွေးနွေးပွဲအပြီးတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထား‌ သော စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများအား အခမ်းအနားသို့ တက်‌ရောက်လာကြသော ‌တာဝန်ရှိသူများနှင့် ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)