၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၃

ကြို့ပင်ကောက်မြို့တွင် ၂၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဋ္ဌာနအသီးသီး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြို့ပင်ကောက်မြို့နယ်အတွင်း  အ.ထ.က (ကြို့ပင်ကောက်) စာစစ်ဌာနနှင့် အ.ထ.က (ပန်းတင်) စာစစ်ဌာန၊ အ.ထ.က (အလယ်ကုန်း) စာစစ်ဌာန၊ အ.ထ.က (လယ်တီ) စာစစ်ဌာနဟူ၍ စာစစ်ဌာန လေးခုဖွင့်လှစ်ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါစာစစ်ဌာနကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများထံတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မှတ်ပုံတင်မူရင်းပြသ၍ စာမေးပွဲဖြေဆိုမည့် ရက်မတိုင်ခင်အထိထုတ်ယူနိုင်ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲ (၁) (၂) နှင့် (၇) တို့အား ဝင်ရောက်ဖြေဆိုရန် ကျောင်းသားကျောင်းသူအတွင်းအပြင် ၃၅၉ ဦး လျှောက်လွှာတင်ထား ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)