မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို

မြို့သစ် ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် Grade-5 တွင်  စာရင်းရှိ ကျောင်းသားကျောင်းသူ (၂၃၄၇)ဦး၊ ဖြေဆိုသူ (၂၂၅၈)ဦး၊  ပျက်ကွက် (၈၉)ဦး၊  အလယ်တန်းအဆင့် Grade-9 တွင်  စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၀၆၂) ဦး၊ ဖြေဆိုသူ (၁၈၇၉)ဦး၊ ပျက်ကွက် (၁၈၃) ဦးရှိပြီးGrade-5အဆင့်ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီလ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ၊ Grade-9 အဆင့်ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန် ( ပြန်/ဆက်)