ပြည်ထောင်စုဝန်ကြီးနှင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကျင်းပ

ငွေဆောင် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငွေဆောင်မြို့တွင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်သော်မှငွေဆောင်မြို့ဌာနဆိုင်ရာများ၊လုပ်ငန်းရှင်များ၊ဟိုတယ်တာဝန်ခံများနှင့်တွေ့ဆုံဆွေးနွေးပွဲအားယမုံနာဦးဟိုတယ်တွင်ယမန်နေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားအစီအစဥ်စတင်ကြောင်းကြေညာခဲ့ပြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ ငွေဆောင်ဒေသဆိုင်ရာ အချက်အလက်များအားပြောကြားခဲ့သည်။ထို့နောက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်သော်မှဌာနဆိုင်ရာများ၊လုပ်ငန်းရှင်များနှင့်ဟိုတယ်တာဝန်ခံများအားအဖွင့်အမှာစကားပြောကြားခဲ့သည်။ငွေဆောင်ဒေသမှလုပ်ငန်းရှင်ဦးလှိုင်မော်မှလည်းဟိုတယ်ဆိုင်ရာမိတ်ဆက်စကားအားပြောကြားခဲ့သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် ဟိုတယ်တာဝန်ခံများမှ ဟိုတယ်ဆိုင်ရာမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ထို့နောက်အခမ်းအနားအစီအစဥ်အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းကြေညာခဲ့ပြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်သော်မှတွေ့ဆုံပွဲသို့တက်ရောက်လာကြသောဌာနဆိုင်ရာများ၊လုပ်ငန်းရှင် များနှင့် ဟိုတယ်တာဝန်ခံများအား နှုတ်ဆက်ခဲ့ပြီး ခန်းမဆောင်အတွင်းမှ ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

(ငွေဆောင် )